
Believe Your Zodiac Sign !
သင့်မွေးသက္ကရာဇ်က ပြောတဲ့ရာသီခွင်လက္ခဏာတွေကို ယုံကြည်လိုက်ပါ
ဆရာ့ ကိုယ်ရေးအကျဉ်း
တက္ကသိုလ်ဝင်တန်းကို ၂၀၀၃ ခုနှစ်မှာ ဖြေဆိုအောင်မြင်ခဲ့ပြီး ၂၀၀၇ နှစ်မှာ ရတနာပုံတက္ကသိုလ် မှ B.Sc (Maths) င်္သချာဘာသာအထူးပြုသိပ္ပံဘွဲ့ကို အောင်မြင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှ စတင်ပြီး ကျူရှင်ဆရာအဖြစ်အသက်မွေးဝမ်းကြောင်းပြုရင် ၂၀၁၃ ခုနှစ်မှာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ Post Graduate Diploma In English (PGDE,MUFL) ဘွဲ့လွန်တက်ရောက်အောင်မြင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာ MBA (Master of Business Administration) ဘွဲ့အတွက် တက်ရောက်သင်ယူနေပြီး Thesis တင်ဖို့ကြိုးစားနေပါတယ်။ ၂၀၀၇ ခုနှစ်မှ စတင်ပြီး ဟိုတယ်မှာ ဧည့်ကြိုစတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ဟိုတယ်စီမံခန့်ခွဲမူဆိုင်ရာမန်နေဂျာရာထူးအထိ လုပ်ကိုင်ခဲ့ပြီး ထိုနှစ်ကာလအတွင်း မဂ္ဂဇင်းတိုက်များသို့စာရေးခြင်း ၊ ဘာသာပြန်စာမူများပြန်ဆိုရေးသားခြင်း စတဲ့ဝါသနာပါရာအလုပ်များကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၇ မှ ၂၀၁၈ ခုနှစ်အတွင်း Peace ငြိမ်းချမ်းရေးရသမဂ္ဂဇင်း တည်ထောင်သူ အဖြစ်လည်းကောင်း ၊ POH နှလုံးသားစွမ်းရည်းသဖွံ့ဖြိုးမူအသင်းတည်ထောင်သူအဖြစ်လညိးကောင်း ၊ POH နှလုံးသားစွမ်းရည်ရသစာပေဆုချီးမြှင့်ရေးအဖွဲ့တွင် စာမူရွေးခြယ်စီစစ်သည့် ဒိုင်အဖြစ်လည်းကောင်း ၊ သစ္စာဖြင့်လွှမ်းခြုံအပ်စသာ ကျောက်ရိုင်းတုံးလေးများ ဘာသာပြန်ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကိုလည်းကောင်း ၊ စာရေးဆရာ ဒီလှိုင်းဝင်း(မန္တလေး) နှင့်အတူ ပဲ့ကြွေနှလုံးသားထက်က နှင်းဆွတ်တောင်ပြန်လေ ပင်ကိုယ်ရေးဝတ္ထုတိုပေါင်းချုပ် စာအုပ်ကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဧည့်လမ်းညွှန် Regional Tourguide Certified ဖြေဆိုအောင်မြင်ခဲ့ပြီး အခါအားလျော်စွာ ဧည့်လမ်းညွှန်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပဖွင့်လှစ်သည့် ဂျာမဏီနိုင်ငံ ၊ လူဇင်ဘက်မြို့မှ ကျင်းပသည့် Hotel Operation Management (HOM) ကို တက်ရောက်အောင်မြင်ခဲ့ပါတယ်။ ငယ်စဉ်တောင်ကြေးအသက် ၁၂ နှစ်အရွယ်ကစတင်ပြီး ဗေဒင်ပညာကို ဗေဒင်ပညာမျိုးရိုးဖြစ်သည့် ဖခင်ထံမှတဆင့်သင်ယူခဲ့ပြီး ယခုအခါမှာတော့ ဗေဒင်ဟောပြောခြင်း ၊ ဇာတာစစ်ဆေးခြင်း ၊ အကြံပေးခြင်း ၊ စာရေးခြင်း ၊ စသည့်လုပ်ငန်းများကို ဝန်ဆောင်မူပေးလျက်ရှိပါတယ်။ ဗေဒင်ကျမ်းစာအုပ်တစ်အုပ်လည်း မကြာမှီကာလအတွင်း ရေးသားထုတ်ဝေဖို့ပြင်ဆင်နေပါတယ်။ ယခုအခါ ဗေဒင်နှင့်အကြံပေးဝန်ဆောင်မူများအပြင် ဗေဒင်ဆိုင်ရာ ဆောင်းပါးများ ၊ ကျမ်းစာအုပ်များကို ရေးသားလျက်ရှိပါတယ်။ အစဉ်ထာဝရကြိုးစားနေခြင်းကို ဘဝဟုယုံကြည်လျက်/- ဗေဒသုတေသီဆရာမင်းဒဿ 09897640005
